ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

၃။ သစ္စာလေးချက် မဂ်ကူးပုံ – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)

၃။ သစ္စာလေးချက် မဂ်ကူးပုံ – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 3, 2018)

အာရုံမှာပုံပေါ်သမျှ ဒီပုံတွေရှိသမျှ သူ့မှာကြောက်နေပြီ၊ နားနဲ့အသံနဲ့ကြားတယ် အမြဲတမ်းနားနဲ့အသံနဲ့ကရှိနေတာ အာရုံလေးများပြုလိုက်ပြီဆိုရင်ဒီမှာပုံပေါ်ပြီ မျက်စိနဲ့အဆင်းလည်းဒီလိုပဲ၊ အခုယောဂီတွေလည်းဒီလိုပဲ အခုဘုန်းဘုန်းဟောတော့ ဘယ်သူအလုပ်လုပ်နေသလဲ… အားလုံး မျက်စိ နား နှာ လျှာ ကိုယ် မနောမှာ အလုပ်လုပ်ဆုံးဟာဘယ်သူလည်းသိလား ဘုန်းဘုန်းဟောတဲ့အပေါ်မှာ နားလုပ်တယ်၊ နားကအာရုံပြုနေတဲ့ခါမှာ မျက်စိကမြင်ရုံပဲမြင်တယ် ဘာပဲညာပဲဝေဖန်လို့မရဘူး အာရုံဆိုတာ တအာရုံပဲရှိတယ် တအာရုံတစိတ်ပဲရှိတယ် နှစ်အာရုံနှစ်စိတ်မရှိပါဘူး ဒါပေမယ့်အာရုံကမြန်လွန်းအားကြီးတော့ စိတ်အမြဲရှိနေသလိုပဲ အာရုံကကူးပေးလိုက် စိတ်ကသိပေးလိုက်.. ခြောက်ပေါက်ခြောက်ဒွါရမှာ အာရုံကအင်မတန်မြန်တဲ့ပုဂ္ဂိုလ် စိတ်ထက်မြန်တယ် စိတ်မြန်တယ်ဆိုတာအလကား အာရုံကိုမမှီဘူး။ ဒီအာရုံကိုဉာဏ်နဲ့လိုက်မှရတယ် စိတ်ကိုသတိနဲ့သတ်ရတယ် အာရုံကိုဉာဏ်နဲ့မြင်မှဉာဏ်သတ်တယ် ဒါမဂ်ပုဂ္ဂိုလ်တွေမှသိတဲ့ကိစ္စ၊ အာရုံထဲမှာဘာဖြစ်ဖြစ် စိတ်ကလေးတချက်မလှုပ်ရဲဘူး အာရုံလေးတချက်မပြုရဲဘူး ပြုလိုက်တယ်ဆိုရင် ဒိုင်းခနဲဆိုပုံပေါ်တာပဲ၊ အဲ့ဒီတော့ အဲ့ဒီပုံပေါ်တာကိုကြောက်ပြီးတော့ ပုံပျက်အောင်ရှုရတယ်၊ ပုံမပျက်တော့စုံမက်တွယ်တာတယ် ပုံပျက်တော့မစုံမက်မတွယ်တာ အခုလိုတွယ်တာနှစ်သက်နေကြတာ အဲ့ဒီပုံတွေခံနေလို့ပါပဲ၊ အဲ့ဒီပုံတွေကမိမိတို့ခန္ဓာထဲမှာရှိပြီးသားတွေ အဲ့ဒီပုံတွေကို ဘုန်းဘုန်းတို့ကထိုးပြတာ ရှိပြီးသားတွေကိုလိုက်ပြတာ အသစ်တွေမဟုတ်ပါဘူး။မိမိတို့စိတ်တွေ ယောဂီတွေအခုနေမေးကြည့်အကုန်ပြောတတ်တယ် တရားအားထုတ်တော့ ဝေဒနာ မတက်ဘူးလားမေးရင် အကုန်တက်တယ်လို့ ပြောကြမှာပဲ၊ တက်တော့ မင်းတို့ခံချင်သလား ဘယ်ခံချင်မလည်း ခံစားလိုက်ရတာမပြောနဲ့.. ပြောကြမှာချည်းပဲ၊ တင်းတာတောင့်တာလည်းသိတယ် ခံစားရတာလည်းသိသား သိပြီးတော့ဘာလို့မလွတ်လည်း သညာသိမို့လို့မလွတ်တာ၊ ဝိညာဏ် သိနဲ့သိတော့မှ ဒီခံစားမှုလေးချုပ်ချုပ်သွားတာ ချမ်းသာရာရတယ် ပေါ်လာလိုက် ခံစားတယ် သတိထားလိုက် ချုပ်သွားတယ်၊ တကယ်ချုပ်သလားဆိုတော့ မချုပ်သေးဘူး။ ပေါ်ပြီးတဒင်္ဂပဲချုပ်တာ အဲ့ဒီ ဉာဏ် ကနေပိုင်းလိုက်တော့မှ ဉာဏ် ချုပ်ကျမှချုပ်ပါတယ်။

ဒါပဋိစ္စသမုပ္ပါဒ်နည်းတွေမှာရှိပါတယ် ဘုန်းဘုန်းတို့ ပဋိစ္စသမုပ္ပါဒ်နာဘူးသလားဆိုရင်တခါမှမနာဘူးပါဘူး၊ ဒါပေမယ့်ပဋိစ္စသမုပ္ပါဒ်က ဘုန်းဘုန်းကြည့်တယ် တပည့်တွေအိမ်တွေမှာတွေ့တယ် စက်ဝိုင်းကြီးတွေနဲ့တွေ့ပါတယ် အဲ့ဒါသူတို့မေးကြည့်တယ် ဒုက္ခသမုဒယ ဒုက္ခသမုဒယ လေးချက်ရိုက်ထားတယ် အဲ့ဒါဘာအတွက်လည်း သူတို့က ကိုယ့်ဆရာဟောတဲ့အတိုင်းပဲလျောက်ပြောတာ ဘာမှန်းမသိဘူး၊ ဒုက္ခသမုဒယလေးချက်ရိုက်ထားတာ ဘာလို့ရိုက်လည်းသူတို့မသိဘူး၊ ဘုန်းဘုန်းကသိတယ် အကျိုးပေါ်ကနှစ်ချက် အကြောင်းပေါ်ကနှစ်ချက်ရိုက်ထားတာ မဟာသောတာပန်မှာလာတွေ့ရတယ်၊ မဂ်ဝင်ခါနီးကျတော့ အကျိုးပေါ်ကဒုက္ခသမုဒယနှစ်ခု၊ အကြောင်းပေါ်ကဒုက္ခသမုဒယနှစ်ခု၊ အကြောင်းလည်းပြေးလို့မရ အကျိုးလည်းပြေးလို့မရ ဘယ်လိုမှပြေးလို့မရဘူး ဒါ မဂ်ဝင်ခါနီးမှာပေါ့။

အဲ့ဒီမှာ ဉာဏ်စဉ်နဲ့ဟောမယ်ဆိုရင် အနုလောမဉာဏ် သူကမ်းရှာနေတာ ဘယ်ကိုလွတ်ရမလည်း ဒီဘက်ပြေးတော့လည်း ဒုက္ခသမုဒယနဲ့တွေ့တယ် အကျိုးတရားရုပ်ပေါ်က၊ ဒီဘက်ပြေးတော့လည်း နာမ်ပေါ်ကအကြောင်းတရားတွေလာတွေ့တယ် ဘယ်မှာမှပြေးလို့မလွတ်တော့ဘူး၊ အဲ့ဒီတော့မှ မထူးတော့ဘူးလို့ အကြောင်းနဲ့အကျိုးတွေ အကျိုးပေါ်က အကျိုး အကြောင်းပေါ်ကအကြောင်းတွေကို အသာထားပြီးတော့ ချုပ်တာကိုမျက်မှောက်ပြုသွားတယ်၊ ဒါလည်းအင်မတန် ဆန်းကြယ်ပါတယ်။ ဘုန်းဘုန်းတို့ ကိုယ်လုပ်ယူလို့မရပါဘူး၊ သမ္မသနဉာဏ်တုန်းက တသိပြီးတသိချုပ်ခဲ့တဲ့နေရာလေး ချုပ်ရာလေးကိုမျက်မှောက်သွားပြုတာ၊ ပစ္စုပ္ပန်ကတော့ ဒုက္ခသမုဒယနှစ်ချက်ရိုက်ထားတယ် သူပြုတာကရှေ့ကိုပြုလို့မရဘူး၊ နောက်ကိုအာရုံပြန်ပြုတယ်။

သမ္မာသနဉာဏ်တုန်းက ချုပ်ရာချုပ်ရာလေးကိုမျက်မှောက်ပြုထားဘူးတော့ အဲဒီကိုသွားပြုထားတယ်၊ ပြုတော့ ဒီမှာ ဒုက္ခသမုဒယအကုန်ချုပ်နေပြီ အကျိုးကောအကြောင်းကော ချုပ်နေပြီ ဒါသူသိသလား ဝိပဿနာကျင့်နေတဲ့ယောဂီ မဂ်ဝင်ခါနီးသိသလား မသိဘူး၊ နောက်ကျမှအကြောင်းကောအကျိုးကော ချုပ်နေတာသိသွားတော့ ဟုတ်သားပဲ ဒီတခါလွတ်ရင်တော့ လွတ်ပြီဟဆိုပြီးတော့ ခုနကချုပ်ရာကိုမကြည့်ပြန်ဘူး မကြည့်ပဲလွတ်အောင်လွှတ်ပြန်တယ် လွှတ်နေတာပဲ စာလိုက အနုလောမတံတားခင်းတယ်ဆိုတာအဲ့ဒါပြောတာ၊ လွှတ်ထားတယ် ရအောင်လွှတ်တယ် ခုနကလွတ်တာကိုတွေ့ထားလိုက်တော့ ရအောင်လွှတ်တော့မရပြန်ဘူး၊ လွတ်ချင်တာသမုဒယ မလွတ်တော့ဒုက္ခ လာတွေ့ပြန်ရော၊ လွတ်ချင်တာက သမုဒယသစ္စာ မလွတ်တော့ဒုက္ခသစ္စာ၊ ဒီဘက်ကလွတ်နေတာလွတ်တဲ့အတိုင်းကိုသိချင်တာက သမုဒယသစ္စာ သွားသိလိုက်တော့ဒုက္ခဖြစ်တာက ဒုက္ခသစ္စာဆိုပြီးတော့ သစ္စာနှစ်ချက်ရိုက်တာ၊ ရိုက်တော့မှတခါ ခုနကချုပ်တာကိုပြန်ကြည့်ပြန်တယ် သူကကြာကြာကြီးနေမှကြည့်တယ် ကြည့်လည်းကြည့်ရော ချုပ်နေတော့ ဒီတခါချုပ်ရင်တော့လွတ်ပြီဟေ့ဆိုပြီးတော့ထပ်ပြုတာပဲ အတင်းလည်းပြုလိုက်ရော နောက်ကိုပြန်ပြလိုက်တယ် ဒီမှာဇောကြီး ဒေါသကြီးကအနောက်မှာရှိနေတော့၊ ရှေ့ကိုအားပြုနေမိရင်း ဒီအနောက်မှာကြည့်လိုက်ပါဦးဆိုသလို ဉာဏ်ကနောက်လည်းပြုလိုက်ရော ဒေါသလည်းပြေထွက်သွားရောလွတ်ထွက်သွားတယ် အဲ့ဒီမှာမဂ်ဝင်သွားတယ်။

မဂ်ဆိုတာ မဂ်သတ်သွားတာ ကိုယ်မသိရဘူး နောက်တော့မှဖိုလ်ကနေပြန်ကြည့်ရတယ် ချုပ်ငြိမ်းသွားပြီးတော့မှ၊ အင်မတန်ခံစားလို့ကောင်းတယ် လောကရဲ့စည်းစိမ်နဲ့ဘာမှမတူဘူး စီးပွါးရေးတွေဘာတွေဘာပဲရှိရှိ ဒီဖိုလ်ရဲ့ခံစားမှုကငြိမ်းအေးပြီးတော့လွတ်မြောက်တယ်၊ လွတ်မြောက်တယ်လို့ ဒီမှာပြောတာ တကယ်တော့ ပရမတ်နဲ့ပြောရင်ပြောစရာမရှိပါဘူး ၊လာကီစကားတွေမို့လို့ ပရမတ်ကိုပညတ်လိုပြောရတာပါ။ ပရမတ်ပေါ်ကနေပြီးတော့ မဂ်ဝင်သွားတာ အဲ့ဒီတော့မှပြန်ကြည့်တော့မှ ဪ ဟိုက ဒုက္ခသမုဒယအကြောင်း ဒီကဒုက္ခသမုဒယအကျိုး ဖိုလ်ပေါ်ကနေပြန်ကြည့်တယ် ပစ္စဝေက္ခဏာညာဏ်တဲ့၊ ပစ္စဝေက္ခဏာဆိုတာ ပြန်ဆင်ခြင်လိုက်တာ အခုဘုန်းဘုန်းပြောတာကကြာသေးတယ် ဟိုမှာကပြီးသွားပြီ၊ ဒုက္ခသမုဒယနဲ့ ချုပ်သွားပြီးတော့ အခုနိရောဓ ချုပ်ငြိမ်းတဲ့နေရာရောက်တယ်၊ ပြန်ဆင်ခြင်တာကမဂ္ဂသစ္စာ မဂ္ဂဆိုတာလမ်း သူ့လမ်းကိုသူပြန်ဆင်ခြင်လိုက်တယ် အဲ့ဒီတော့မှ ဪ ဒါကသမုဒယသစ္စာ၊ ဒါကဒုက္ခသစ္စာ၊ ဒါကနိရောဓသစ္စာ၊ ဒါကမဂ္ဂသစ္စာပါလားရယ်လို့ သစ္စာလေးပါးကို မြင်ပြီးတော့ အဲ့ဒီမှာ အခုယောဂီတွေသိနေတဲ့အသိကြီးဟာ အားလုံးပါယ်သတ်သွားပြီး စိတ်အသစ်ကြီးဖြစ်သွားတယ်၊ ကိုယ်လည်းငုပ်တုတ်ကြီးကျန်နေခဲ့တယ်၊ ငုပ်တုတ်ကြီးနဲ့အသိပြောင်းနေတယ်။

အဲ့ဒီတော့မှ ငါဘာဖြစ်နေတာလည်း မြင်တဲ့အပေါ်မှာလည်း လောကစိတ်လိုလည်းမဟုတ် တယ်နေလို့ကောင်းပါလား၊ အရင်စိတ်တွေပြန်ကြည့်လိုက်တော့မှကြောက်စရာကြီး အခုလူ့လောကနေခဲ့တဲ့စိတ်တွေက၊ ဪ ဒါကြောင့်အပါယ်မလွတ်တာပဲ ဒီစိတ်တွေနဲ့သေရင် လူတသိန်းသေ တယောက်မှလူပြန်မဖြစ်ဘူး ဒီဘက်ကကြည့်တာပါ၊ ဒီမဂ်ပုဂ္ဂိုလ်ဘက်ကနေကြည့်လိုက်တော့မှသွားသိတာ ကိုယ့်ကိုကိုယ်ကျောချမ်းသွားတယ်၊ ဪ တော်သေးတယ် ငါ ဒီတရားပြဆရာတွေနဲ့ ဒီတရားတွေနဲ့တွေ့လို့ ပြလို့ ငါဒီလိုသိပြီးချုပ်တာပါလား ငါဘယ်တော့မှအပါယ်မကျတော့ဘူး၊ အရင်ကစိတ်တွေနဲ့ဆိုရင်တော့ကျိန်းသေတယ်အပါယ်ကျမှာပဲ ဒီလိုသိသွားတာ…။

Source : (မူရင်း)သက်နောင်စော
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။