ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

၉။ ငထောင်လေးတရား – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 4, 2018)

၉။ ငထောင်လေးတရား – ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ (June 4, 2018)

ဘုန်းဘုန်းအရင်က ၄၀ ဝန်းကျင်လောက်ကပေါ့ ငထောင်ဆိုတဲ့တရားဟောဘူးတယ်၊ ကျောင်းမှာတရားစခန်းတွေပြီးသွားတော့ ကျောင်းအောက်မှာဝါးတွေစုပုံထားတယ်ပေါ့ ကျောင်းမှာခွေးငါးကောင်ရှိတာ ငထောင်ဆိုတဲ့တကောင်ရှိတယ်၊ ဒီကောင်ကဝါးပုံပေါ်မှာအိပ်လေ့ရှိတယ် ဘယ်လိုအိပ်လည်းဆိုတော့ လက်ပေါ်မှာမေးတင်ထားပြီး မအိပ်ဘူး နားရွက်ကလေးလှန်လိုက် လှုပ်လိုက်နဲ့ မျက်လုံးကလေးမှေးပြီးကြည့်နေ အကဲခပ်နေတယ်၊ ခွေးတကောင် တခုခုအပြင်မှာတွေ့တော့ ဝုန်းဝုန်းလုပ်တော့တာပဲ ကျန်တဲ့ကောင်တွေလည်း ဘာမှန်းမသိ ညာမှန်းမသိလိုက်တော့တာပဲ သူလည်းလိုက်တယ် ဒါပေမယ့်သူက တဝက်လောက်ရောက်တော့ ပြန်လာပြီးဝါးပုံပေါ်မှာပြန်မှိန်းနေတယ် ကျန်တဲ့ကောင်တွေက ဘာမှန်းညာမှန်းမသိလိုက်ကိုက် ရိုက်တဲ့သူကရိုက် နာတဲ့ကောင်ကနာပြီး အော်ပြီးပြန်လာကြတော့တယ် သူကတော့ဝါးပုံပေါ်မှာပဲ…။

ဟိုကကောင်တွေကပြန်လာလို့ရောက်တောင်မရောက်သေးဘူး သူကနောက်တခါဝုန်းဆို လိုက်ကြပြန်ရော နာတာတန်းလန်းကြီးနဲ့လိုက်ကြပြန်ရော့ သူတို့ကဘာမှန်းမသိ.. ဘုန်းဘုန်းကြည့်တယ် နိုင်ငံရေးသမားလည်းဒီလိုပဲ သူတို့ကရှေ့ကလုပ်သွား နောက်ကလူထုကဒုက္ခရောက်ကြရော သူကသိပ်လည်တဲ့ကောင်။ ဒီအထဲမှာလည်းရှိတယ် ငထောင် အဲ့လိုပဲ ဟိုနားအကဲခပ်လိုက် ဒီနားအကဲခပ်လိုက် ကြာကြာနေ မငြိမ်ဘူး ဟိုနားအကဲခပ် ဒီနားအကဲခပ် စောင့်ကြည့်နေတယ် အဲ့ဒီ ငထောင်တွေ့ရင်တော့ တရားရပြီသာမှတ်တော့။

အဲ့ဒီ ငထောင်ကြောင့်ဒုက္ခရောက်ကြတာ ဝုန်းဆိုပြေးကြပြန်ပြီ ဟိုကရိုက်လိုက်ရင် ခြေထောက်တွေနာပြီး လာကြပြန်ပြီ ကိန်ကိန်နဲ့၊ ပြန်လာလို့ရောက်တောင်မရောက်သေးဘူး ငထောင်က တဖက်လှည့်လုပ်လိုက်ရင် နာတာကြီးနဲ့လိုက်ကြပြန်ပြီ သူကတော့ဝါးပုံပေါ်မှာ ဝုန်းဝုန်း ဝုန်းဝုန်းနဲ့လုပ်လိုက် ကျန်တဲ့ကောင်တွေကလိုက်လိုက်၊ အတွင်းထဲမှာလည်းဒီလိုပဲ ငထောင်ဆိုတဲ့သင်္ခါရကောင်ရှိတယ်၊ အသံလေးကြားတာသွားညွှတ်တယ် တကူးစခန်းမှာဆို ၂ ချက်ထိုး ၃ ချက်လောက်လာပြီ.. ဆန်လှော်မုန့်ဟင်းခါးပူပူလေးနဲ့.. ဒီမှာကတရားထိုင်ရင်းနဲ့ ဆန်လှော်မုန့်ဟင်းခါးဆီရောက်နေပြီ၊ အသံကြားရာ အသံဆီလိုက်သွားတာပေါ့ ငထောင်က အသံဆီသွားညွှတ်တာ အဲ့ဒီသင်္ခါရကိုရှုကြ။

အတွင်းမှာနော် မျက်စိဆီညွှတ်လိုက် နှာခေါင်းဆီညွှတ်လိုက် နားဆီညွှတ်လိုက် အဲ့ဒါကို အဟုတ်ကြီးမှတ်နေကြတယ် ငထောင်နဲ့ပေါင်းပြီး ကိုယ့်ကိုကိုယ်လူလည်ကြီးလုပ်နေကြတာ ငါသိတယ် ငါမြင်တယ် ငါကြားတယ်နဲ့။

ဟိုနားညွှတ် ဒီနားညွှတ် ဒီတခါတော့သင်္ခါရရှုမယ်ပေါ့ သင်္ခါရလိုက်ရှာနေတာ ဒါကသင်္ခါရပဲ တရားကခက်တယ်နဲ့.. သင်္ခါရလိုက်ရှာရင်းနောက်ကသညာဝင်နေတာမသိလိုက်ဘူး အဲ့ဒါပြန်လှည့်ရှုကြ.. အဲ့ဒါနဲ့ပေါင်းမနေနဲ့ ငြိမ်ပြီး ချုပ်ပြီးမနေနဲ့.. ချုပ်ဆဲသိ ချုပ်ဆဲသိ လုပ်မနေနဲ့ အဲ့ဒါ သညာတွေ အဲ့ဒါပြန်မြင်ရင်တရားပဲ.. ခန္ဓာငါးပါး တပါးမြင်ရင် ကျန်တဲ့လေးပါးအကုန်မြင်တယ်.. တပါးမှမမြင်ရင်တော့ ကျန်တဲ့လေးပါးလည်း တပါးမှမမြင်။ ငထောင်နဲ့ပေါင်းပြီး လုံးမနေကြနဲ့.. အဲ့ဒီ ငထောင်ကိုမြင်အောင်ကြည့်….။

ဆရာတော်ကြီး စခန်းတွင်း အလုပ်ပေးတရားများမှ ပြန်လည်ပူဇော်ပါသည်…။

Source: (မူရင်း) ကိုသန်းလှိုင်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)
မှ ဓမ္မဒါန ရေးသားပူဇော်ပါသည်။