ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာမှ လှိုက်လှဲစွာကြိုဆိုပါ၏။

ဓမ္မမိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

ပြည်ဝိဇ္ဇောဒယသဲအင်း (မိတ်ဆက်)

Our Vision

ကျေးဇူးတော်ရှင် မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌနှင့် ကျေးဇူးတော်ရှင် ပြည်ဝိဇ္ဇောဒယသဲအင်း ဆရာတော်ဘုရားကြီး ဦးသီရိဓမ္မ၏ တရားတော်များ၊ ကျင့်စဉ်ရှူ့ကွက်များ အဓွန့်ရှည်တည်တန့်စေရန်နှင့် တရားကျင့်ဖော် ယောဂီသူတော်ကောင်းများ စဉ်ဆက်မပြတ် နာယူလေ့လာမှတ်သား ပွားများနိုင်စေရန် ရည်သန်၍ ဤတရား Website အား စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ခန္ဓာဉာဏ်ရောက် တရားတော်များ၊ ရှု့ကွက်များအား တရားချစ်ခင် ဗုဒ္ဓဘာသာဝင်နောင်လာ နောက်သားများအား လက်ဆင့်ကမ်းဝေငှနိုင်စေရန်လည်းကောင်း၊ ဆရာတော်ဘုရားကြီး၏ ရပ်နီး၊ ရပ်ဝေး၊ နိုင်ငံရပ်ခြား၊ နေရာဒေသအသီးသီးမှ တပည့်ယောဂီများ လိုအပ်ရာတွင် လိုအပ်သလို ဆက်လက်မှီငြမ်း ကျင့်ကြံအားထုတ်နိုင်စေရန်အတွက် စိတ်မှာမျှော်မှန်း၍ စုစည်းကြိုးကုတ် ပေးဝေငှပါသည်။ ယောဂီသူတော်ကောင်းများ တရားအသိထူးများဖြင့် ငြိမ်းအေးသာယာရှိကြပါစေ။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ချမ်းသာသို့ ဒီတစ်ဘဝတည်းဖြင့် လွယ်ကူလျင်မြန်စွာ ရရှိနိုင်ကြပါစေ။

"သာဓု၊ သာဓု၊ သာဓု"

ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)


Our Location

    Contact Form